မျိုးဆက်သစ် အွန်လိုင်းပရဟိတ အဖွဲ့ ( 24-2-2013 တွင် စတင်ဖွဲ့ စည်းသည်)

မောင်(စွယ်စုံကျမ်း)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

Tuesday, March 6, 2012

ရင်တွင်းဆန္ဒ.........( မလေးရှားမှ ဖြစ်ရပ်မှန် - ၂)


ကြည့်နေရုံ သက်သက်ပါပဲ
ကန္တာရ လမ်းမှာ
ဖြတ်သန်းနေ ရတဲ့ ပန်းကလေးတွေ
တစ်ပွင့်ပြီးတစ်ပွင့် နွမ်းကြွေနေလေရဲ့.........။

ပိုက်က ယုန်ကို တိုးခဲ့တာလား
ယုန်က ပိုက်ကို တိုးခဲ့တာလား
ဘာပဲဖြစ်ဖြစ်
ပကာသန စက်ကွင်းမှာ
ယုန်ဖြူမလေးတွေကတော့ သက်ဆင်းနေတုန်း............။

ငါတို့ နေတဲ့တောက
မုဆိုးပေါတယ် သူငယ်ချင်း
"အသားစား" တဲ့ ကျားနဲ့
"ဝတ်ရည်ခူး"မယ့် ပျားတွေ
ခြေချင်းလိမ်နေတဲ့ ဒေသ
မြှားနတ်မောင်လည်း မျက်ရည်ကျတယ်............။

ကောင်းကင်ပေါ်မှာ "နေ"နဲ့"လ"
ကြည့်နေရတာ ပနာရ သတဲ့
ငါတို့တောမှာ "ရွှေ "နဲ့ "မ"
ကြည့်နေရတာ သဘာဝလိုလို
ဝင်ရှင်းပြမှ "မနာလို" လို့ ဆိုသူဆိုရဲ့................။

တောင်ပေါ်မှာ ကြာတွေ ပွင့်နေသလို
သမင်ငယ်တွေကရော အသားစားနေကြ ပြီလား
ဖောက်ပြန်နေတဲ့ သဘောတရားမှာ
သြရသ ရဲ့ "အိမ်ကွင်းအဝေးကွင်း" တေးစာသားက
ငါတို့တောမှာတော့ ခေတ်စားနေလေရဲ့...........။

မြှားနတ်မောင် အပစ်မှားလို့
လူမျိုးခြားရဲ့ ရင်ခွင်ကြားမှာ
အတိတ်မေ့ နေတုန်းပဲလား သူငယ်ချင်း
အသိစိတ်နဲ့ နိုးထလိုက်ပါ
နင့်အတွက် "မနက်ဖြန်များစွာ" ရှိနေပါသေးတယ်.............။

ညီညီ(မြန်အောင်)

(မည်သူတစ်ဦး တစ်ယောက်လိုမှ အရှက်ခွဲထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိပါ)

13 မှတ်ချက်:

မောင်(စွယ်စုံကျမ်း) said...

ညီညီရေ မှန်သဟ......ဘယ်လိုပြောရမှန်းမသိဘူး..ဒို့ နားမှာလည်း ဒီလိုပဲကွာ ဘင်္ဂလားတွေ နီပေါတွေနဲ့  လိုက်အိပ်နေတယ်..ဆိုးချက်ကွာ...

8Yar said...

Post လေးဖတ်ပြီး ရင်ထဲမကောင်းဘူးဗျာ။ အရင်ကတည်းကကြားနေရတယ်။ တကယ်တန်းပြောရရင် ရင်နာတယ်ဆိုရင်ပိုမှန်မှာပါ။ :(

ပုလေး said...

အင်း ကြားရတာတွေ စိတ်မကောင်းချက်အေ..မကြုံဘူးပေမဲ့ ကြားရုံနဲ့တင်
စက်ဆုပ်မိတယ်...။ ပြောသူသာမောမယ် သူတို့ကတော့ မျောကောင်းတုန်းပဲ..

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက အမှန်တရားလေးပါ

jasmine(တောင်ကြီး) said...

ညီညီရေ
ဖတ်ပြီးစိတ်ထဲတစ်မျိုးကြီးပဲဟယ်
ခင်တဲ့ sis jasmine

မဒမ်ကိုး said...

ဟူးး စိတ်မောစရာဘဲနော်

ညီညီ said...

ကဗျာကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတဲ့ သူငယ်ချင်းတွေကို
တောင်းပန်ပါတယ်......
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုတဲ့ စကားလိုပဲ....
ကောင်းကောင်းမွန်မွန် စီးပွားလာရှာတဲ့ မြန်မာ ကောင်မလေးတွေ
အတွက် ကိုယ်ချင်းစာ ရေးခဲ့ မိတာပါ... သူငယ်ချင်းတို့က ကဗျာပဲ
ဖတ်ရတာလေ.... ကျွန်တော်က လက်တွေ့ မြင်နေရတာ....ပိုဆိုးတာပေါ့နော်...........။

ချစ်စံအိမ် said...

အသိတရားများဝင်ပြီအမှန်တရားကိုသဘောပေါက်ပြီကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးဂုဏ်ကိုဆောင်နိုင်ကြပါစေ

ရစ် said...

ညီလေးရေ ကဗျာက လန်းလှချည်လားဟ

Anonymous said...

ုကဗျာလေးကိုကြိုက်တယ်ဖြစ်၇ပ်မှန်တွေမို့ပါအများကြီးတွေ့ဖူးတယ်ကို့ကိုယ်ကို တန်ဖိုးထားကျပါလို့မိန်းကလေးတွေကိုပြောချင်တယ်

Anonymous said...

မိန်းခလေးတွေကို ကူညီတဲ့လူတွေကို နာဘူးတဲ့။ကျား/မ ၇၀%လောက်ကအဲလို သတ်မှတ်ကြတယ် ထင်တယ်။တိုက်ရိုက်အကူညီမတောင်းဘဲနဲ့ မိန်းခလေးတွေကို ကူညီကြလား ကျားများ။ကျွန်တော်ကတော့ မသိဖါသာဘဲ။

ashinawthada said...

ရင်ထဲမကောင်းဘူး ဖတ်ရတာ

la pyae said...
This comment has been removed by the author.

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ